ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိပြင်သစ်သံရုံး ရန်ကုန်မြို့ ရှိပြင်သစ်သံရုံး
fontsizeup fontsizedown

 français    Burmese  
ကြိုဆိုခြင်း » ပြင်သစ်-မြန်မာ ဆက်ဆံရေး » အထွေထွေ သတ်မှတ်ချက် များ

မှတ်ချက် အထွေထွေ

၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ (၁၄) ရက် မှ (၁၆) ရက် နေ့ အထိ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Alain Juppé ၏ မြန်မာပြည်သို့ လာရောက်လာပတ်မှုခရီးစဉ်သည် ပြင်သစ်ပြည် နှင့် မြန်မာပြည်အစိုးရတို့အကြား အရေးပါသော နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းနိုင်မှု ကဏ္ဍတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ ၄င်းခရီးစဉ်တွင် ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးသည် မြန်မာပြည်အပေါ် ဥရောပသမဂ္ဂမှ ချမှတ်ထားသော ပိတ်ဆို့မှုများကို ဥရောပမှ လုပ်ဖော်ကိုင်ဖက်များနှင့်တိုင်ပင်ကာ ဖြစ်ပေါ်တိုးတက်မှုအပေါ်မှီတည်ပြီး တစ်ဆင့်ပြီးတစ်ဆင့် ဖယ်ရှားပေးနိုင်ရန် ပြောကြားခဲ့ပါသည်။ ပြင်သစ်ပြည်၏ မြန်မာပြည်အပေါ် ထားရှိသော နိုင်ငံရေးရာမူဝါဒများသည် ၁၉၉၆ ခုနှစ် အောက်တိုဘာလမှ စတင်ပြီး အများသဘောတူ ချမှတ်ထားသော ဥရောပသမဂ္ဂ၏ မူဝါဒရေးရာများအပေါ်တွင် အခြေခံပါသည်။ ၄င်းမူဝါဒများကို နှစ်စဉ်ပြန်လည်သုံးသပ်ခဲ့ပါသည်။

၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်နေ့တွင် ဥရောပသမဂ္ဂသည် မြန်မာပြည်အပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို (လက်နက်ရောင်းဝယ်ရေးမှအပ) ဖယ်ရှားပေးခဲ့ရာ ၄င်းမှတစ်ဆင့် ဥရောပ-မြန်မာနှင့် ပြင်သစ်-မြန်မာတို့၏ ပူးပေါင်းဆောင်ရွက်နိုင်မှု ခေတ်သစ်တစ်ခုကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါသည်။

၎င်းဖြစ်ပေါ်တိုးတက်မှုသည် မြန်မာနိုင်ငံအပေါ်၌ အလွန်တက်ကြွသော သံတမန်ရေးရာ မူဝါဒ ကို ကျင့်သုံးစေ ရန် ပြင်သစ်နိုင်ငံအား တွန်းအားပေး မှုတစ်ရပ်ဖြစ်လာပါသည်။ အထူးသဖြင့် အခြေခံမြန်မာပြည်သူလူထုများအတွက် ဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍနှင့် လူသားချင်းစာနာကူညီထောက်ထားမှု ကဏ္ဍများတွင် စတင်ဖွံ့ဖြိုးလာစေရန်အတွက် ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှစတင်ပြီး မြန်မာပြည်အတွက် သုံးစွဲငွေ ကို ၃-ဆတိုးပွား သုံးစွဲခဲ့ပါသည်။ ပြင်သစ်ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ(AFD)ကိုလည်း မြန်မာပြည်အတွင်းသို့ ၀င်ရောက်လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ မတ်လတွင် မြန်မာနှင့် ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးတို့ နှစ်ဦးတို့သည် ပါရီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ပြင်သစ်ဖွံ့ဖြိုးရေးဝန်ကြီး Pascal Caffin သည်လည်း မြန်မာပြည်သို့ တရားဝင် လာရောက်လည်ပတ်ခဲ့ပါသည်။


ရေးသားသည့်ရက်စွဲ 18.06.2013
 
Facebook Twitter Google+ Storify Foursquare Youtube Dailymotion Flickr RSS