Financial Assistance for Small Development Projects in Myanmar

ဖွံဖြိုးမှုဆိုင်ရာအသေးစားစီမံကိန်းများပံပိုးမှုအစီအစဉ် မြန်မာနိုင်ငံ
အခြေစိုက် ပြင်သစ်သံရုံးမှ ဖွံဖြိုးမှုဆိုင်ရာအသေးစားစီမံကိန်းများကို ၂၀၀၈ ခုနှစ်မှ စတင်ပြီး၊ မြန်မာ့ လူမှုအဖွဲ့အစည်းများဖွံဖြိုးတိုးတက်ရေးနှင့် ဒေသခံလူထုမှ ဦးဆောင်ဦးရွက်ပြုသည့် ဖွံဖြိုးမှုနှင့် လူသားခြင်းစာနာထောက်ထားမှုဆိုင်ရာစီမံကိန်း များကို အားပေးပံ့ပိုးရန၊် နှစ်စဉ် ပံ့ပိုးပေး ခဲ့ပါသည်။ အဓိကရည်ရွယ်ချက်မှာ လူထု၏အခြေခံလိုအပ်ချက်များကို ဖြည့်စည်းပေးနိုင်ရေး၊ အမှန်တကယ် လိုအပ်သူများ (အမျိုးသမီးများ၊ ခလေးများ၊ လူနည်းစုများ) ကို ထောက်ပံ့ကူညီပေးနိုင်ရေး ဖြစ်သည်။

စီမံကိန်း တစ်ခုစီအတွက် ပံ့ပိုးငွေပမာဏမှာ ဒေါ်လာ ၅၀၀၀ ခန့်ရှိမည်ဖြစ်သည်။ လူမှုဘဝရပ်တည်မှုမြှင့်တင်ရေးပညာပေးသင်တန်းများ၊ ရေနှင့်ရေသန့်ရှင်းရေး၊ ကျေးလက်ဒေသတိုးတက်ရေး၊ လူတုကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပညာရေး၊ ကောင်းသောအုပ်ချုပ်မှုဖြစ်ပေါ်ရေး စသောလုပ်ငန်းများကို ပံ့ပိုးသွားမည်ဖြစ်သည်။ ပံ့ပိုးမည့်အစီအစဉ်လျှောက်လွှာခေါ်ယူခြင်းကိုနှစ်စဉ်လုပ်ဆောင်ပါသည်။ ယခုနှစ်အတွက် လျှောက်လွှာများကို ၂၀၁၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင်နောက်ဆုံးထားပြီးပေးပို့နိုင်သည်။

ဆက်သွယ်ရန် : embfrancecsaid@gmail.com

သက်ဆိုင်သောလျှောက်လွှာများကို အောက်တွင် ရယူနိုင်ပါသည်။

ENGLISHBURMESE
PROJECT PROPOSAL FORMAT PROJECT PROPOSAL FORMAT
GRANT INFORMATION GRANT INFORMATION
CALL FOR PROPOSAL CALL FOR PROPOSAL

ရေးသားသည့်ရက်စွဲ 04/04/2013

အထက်ဆုံးစာမျက်နှာသို့