Stéphanie Ledoux ၏ ခရီးသွားမှတ်တမ်းပြပွဲ

ပြင်သစ်ယဉ်ကျေးမူဌာန

ဇီဝဗေဒပညာရှင်၊ ပန်းချီ ကာတွန်း ပညာကို ကိုယ်တိုင်လေ့လာသင်ယူခဲ့သူ Stephanie Ledoux ဟာ တခြားဒေသက လူတွေနဲ့တွေ့ဆုံခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်းတွေကိုအလွန်စိတ်ဝင်စားပါတယ်။ သူမ၏ ခရီးသွားမှတ်တမ်းများတွင်ခဲသားနဲ့ရောင်စုံဆေးရေး တွေသုံးတဲ့သူမဟာ မြေကြီးအပိုင်းအစများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ပိုးမွှားအကောင်ငယ်လေးများကိုလည်းထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။

ရောက်ရှိနေတဲ့နေရာဒေသတွေရဲ့ပုံကိုရေးဆွဲတာပဲဖြစ်ဖြစ်၊ ဒေသခံတွေရဲ့ ဘာသာစကားနဲ့ အမှတ်တရတစ်ခုခု ရေးသားတာပဲဖြစ်ဖြစ်စတာတွေကို သူမခုံမင်စွာပြုလုပ်လေ့ရှိပါတယ်။ ဒါတင်မက ဝေါဟာရစုဆောင်းတာမျိုး၊ ဟင်းချက်နည်းသင်ယူတာတို့ စတာတွေကိုလည်း ပျော်ရွှင်စွာလုပ်ဆောင် တက်ပါသေးတယ်။
JPEG

အလုပ်ရုံဆွေးနွေးပွဲများ - မေလ (၂၇)၊ (၂၈) နှင့် (၂၉)၊ နေ့လည် ၂နာရီမှ ၆နာရီ

ဟောပြောပွဲ - မေလ (၂၈) ရက်၊ ညနေ ၆နာရီခွဲ

ဖွင့်ပွဲနှင့်ခရီးသွားမှတ်တမ်းပြပွဲ - မေလ (၃၀) ရက်၊ ညနေ ၆နာရီ

ရေးသားသည့်ရက်စွဲ 21/05/2013

အထက်ဆုံးစာမျက်နှာသို့