ဘရပ်ဆဲ(လ်) အကြမ်းဖက်တိုက်ခိုက်ခံရခြင်း အပေါ် ပြင်သစ်နိုင်ငံသမ္မတ၏ သတင်းထုတ်ပြန်ချက်

ပြင်သစ်နိုင်ငံသမ္မတသည် ဘယ်(လ်)ဂျီယမ်ပြည်သူလူထု နှင့် လုံးဝ တစိတ်တဝမ်းတည်းရှိနေပါ ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါသည် ။
ပြင်သစ်နိုင်ငံသမ္မတသည် ထိုကဲ့သို့ဝမ်းနည်းဖွယ်ရာအခြေအနေမျိုးတွင် လိုအပ်နိုင်မည့်အကူအညီ များကိုပေးနိုင်ရန် ဘယ်(လ်)ဂျီယမ်အစိုးရ၏ တာဝန်ရှိသောအရာရှိကြီးများနှင့် အမြဲဆက်သွယ်နေလျှက် ရှိပါသည်။
ဘရပ်ဆဲ(လ်) မြို့တွင်ဖြစ်ပွားခဲ့သောအကြမ်းဖက်မှု့သည် ဥရောပတခွင်လုံးကိုထိခိုက်တုံလှုပ် သွားစေခဲ့ပါသည်။ ခြိမ်းခြောက်မှု့ကိုလိုအပ်သလို ကာကွယ်နိုင်ရန် ဥရောပတိုက်တစ်ခုလုံး၏ လုံခြုံရေး အစီအစဉ်များကို ဆောင်ရွှက်ရန်မဖြစ်မနေ လိုအပ်ပါသည်။ လွန်ခဲ့သောနှစ်က ဇန်နဝါရီ နှင့် နိုဝင်ဘာလများ တွင်ကိုယ်တိုင် အကြမ်းဖက်တိုက်ခိုက်ခြင်းခံခဲ့ရသော ပြင်သစ်နိုင်ငံ အနေဖြင့်လည်း လိုအပ်သည့် လုံခြုံရေး အစီအမံများကို စီစဉ်ချမှတ်ထားပြီးဖြစ်ပါသည်။ ပြင်သစ်နိုင်ငံသည် အကြမ်းဖက်မှု့ကို တိုက်ခိုက်ရာတွင် နိုင်ငံတကာ နှင့် ၄င်း၏ ပြည်တွင်းမှာပါ တင်းကြပ်ခိုင်မာစွာ လုပ်ဆောင်လျှက်ရှိပါသည်။
ဤကဲ့သို့အခြေအနေမျိုးတွင် ပြင်သစ်အစိုးရသည် နယ်စပ်ရှိလုံခြုံရေးရဲအရာရှိများ နှင့် အများပြည် သူ ခရီးသွားလာရေး အခြေခံအဆောက်အအုံများတွင် လုံခြုံရေးဆိုင်ရာအစီအမံများအတွက် လုံခြုံရေး အင်အားများ တိုးမြှင့်ချထားရန်ဆုံးဖြတ်ချက်ချထားပါသည်။
ပြင်သစ်နိုင်ငံသမ္မတအနေဖြင့် ကျဆုံးသွားသူများ၏ မိသားစုများ ၊ ၄င်းတို့နှင့် ရင်းနှီးကျွမ်းဝင်သူများ နှင့် ဘယ်(လ်)ဂျီယမ် ပြည်သူလူထုအားလုံးအတွက် ရင်းနှီးစွာ ၊ ရိုးသားစွာဖြင့် ဝမ်းနည်းကြေကွဲပါကြောင်း ဖော်ပြအပ်ပါသည်။

ရေးသားသည့်ရက်စွဲ 24/03/2016

အထက်ဆုံးစာမျက်နှာသို့